Congratulations Info Myanmar University (IMU)

Info Myanmar University

Info Myanmar College မှ Info Myanmar University အဖြစ်အဆင့်တိုးမြှင့်ပြောင်းလဲသတ်မှတ်ခြင်း

Info Myanmar College (IMC) ကို Pearson, UK အသိအမှတ်ပြု (Approved Center) ကွန်ပျူတာအထူးပြုကောလိပ်အဖြစ် (၂၀၁၄) တွင်စတင်ဖွင့်လှစ်ခဲ့ပြီး မိခင်ကုမ္ပဏီIMCS Company Limited, Education Service Provider မှာ (၂၀၀၇)တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ IMC သည် (၂၀၁၇) တွင်အင်္ဂလန်နိုင်ငံ မှ အစိုးရတက္ကသိုလ်ကြီးဖြစ်သော Edinburgh Napier University နှင့် မိတ်ဖက်တက္ကသိုလ်(Partnership)အဖြစ်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်တွင် B.Sc (Hons) in Computing ,M.Sc (Advanced Security & Digital Forensics) Program တို့ကိုဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်(Myanmar Investment Commission, MIC) မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင်ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၁၀ /၂၀၁၉) အရ Info Myanmar University, IMU အဖြစ်အဆင့်မြင့်ပညာရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခွင့်ကိုတရားဝင်အသိအမှတ်ပြု ရရှိခဲ့သည့်အတွက်IMU Team မှ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
သို့ဖြစ်ပါ၍ Info Myanmar College စတင်ဖွင့်လှစ်ချိန်မှစပြီးယနေ့ထိ IMU ကိုယုံကြည်စွာအပ်နှံတက်ရောက်ခဲ့ကြပါသော ကျောင်းသားမိဘများ၊အုပ်ထိန်းသူများ၊ ကျောင်းသား၊သူများနှင့်တကွ IMU ကို အမြဲလမ်းညွှန်ကူညီပေးခဲ့ကြပါသောနာယကဆရာ/မကြီးများ၊ IMU Team နှင့်တသားတည်းအမြဲ ကြိုးပမ်းအားထုတ်ပေးခဲ့ ကြပါသောဌာနအသီးသီးမှဆရာ/မများ၊ ပါမောက္ခများ၊ ဝန်ထမ်းများ၊မိတ်ဖက်ပညာရေးအဖွဲ့အစည်းများနှင့်တကွ Edinburgh Napier University, UK မှ Visiting Professors, Lecturers အားလုံးတို့အားလှိုက်လှဲစွာဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်း IMU Team မှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Info Myanmar University, IMU အနေဖြင့်အနာဂတ်ကာလတွင်လည်း နှလုံးရည်၊ စွမ်း ဆောင်ရည် မြင့်မားပြီး ထူးချွန်ထက်မြက်သော IT ပညာရှင်ကောင်းများမွေးထုတ်လျက် မြန်မာ့လူ့စွမ်းအားအရင်း အမြစ်ဖွံဖြိုးတိုးတက်ရေး အတွက်ကြိုးပမ်းပါဝင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံအကျိုးကိုဆောင်နိုင်သောပုဂ္ဂလိကတက္ကသိုလ်အဖြစ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

Congratulations Info Myanmar University( IMU )!!!

Leave a Reply