Alumni Career Information – Tin Aye Yee

ဒီနေ့ Alumni Career Information – 5 အတွက် ဆက်သွယ်မေးမြန်းထားတဲ့ Alumnus ကတော့ ENU Batch-1 မှာ တစ်ဆင့် Edinburgh Napier University က ပေးအပ်တဲ့ Bachelor of Computing ကို အောင်မြင်ထားတဲ့ မတင်အေးရီ ပဲ ဖြစ်ပါတယ်။

သူက အခုဆိုရင် Frontiir ဆိုတဲ့ Company တစ်ခုမှာ TechOps အနေနဲ့ Internship စတင်ဆင်းနေပါပြီ။ သူ့ကို Alumni Career Information စာစဉ်-၅ အတွက်ဆက်သွယ်မေးမြန်းရာမှာ သူက ဒီလိုတွေပြန်ဖြေကြားပေးထားပါတယ်။

မေး – ကျောင်းမှာ သင်ခဲ့ရတဲ့ ဘာသာရပ်တွေက အလုပ်ခွင်မှာ အထောက်အပံ့ဖြစ်ရဲ့လား။

ဖြေ – ဖြစ်ပါတယ်။ ဆရာ၊ဆရာမများရဲ့အသေးစိတ်ဂရုတစိုက်သင်ကြားပေးမှုကြောင့် ကျွန်မအရမ်းအားနည်းတယ့်ဘာသာရပ်တွေကိုတောင် အလွယ်တကူကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မေး – ကျောင်းမှာ ကျောင်းစာအပြင် ဘာတွေထောက်ပံ့ပေးလဲ။

ကျောင်းမှာ ကျောင်းစာအပြင် Cisco Certified Network Associate Exam Preparation အတန်းနဲ့ IELTS Exam Preparation အတန်းတို့ကို ထပ်မံဖွင့်လှစ်ပေးပါသေးတယ်။

ကျွန်မကတော့ Cisco Certified Network Associate Certificate စာမေးပွဲကို ကျောင်းက ဖွင့်လှစ်ပေးတဲ့ Exam Preparation တန်းတက်ပြီးတော့ ဖြေဆိုခဲ့ပါတယ်။ ရမှတ် 901 မှတ်နဲ့ ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့ပါတယ်။ IELTS ကို ကျောင်းကနေ တစ်ဆင့်ဝင်မဖြေဖြစ်ခဲ့ပါဘူး။

Leave a Reply