Alumni Career Information – Hein Htet Kyaw

ဒီနေ့ Alumni Career Information – 4 အတွက် စတင်မေးမြန်းထားတဲ့ Alumnus ကတော့ ENU Batch-1 မှာ တစ်ဆင့် Edinburgh Napier University က ပေးအပ်တဲ့ Bachelor of Computing ကို အောင်မြင်ထားတဲ့ မောင် ဟိန်းထက်ကျော် ပဲ ဖြစ်ပါတယ်။သူက အခုဆိုရင် LetsBuy ဆိုတဲ့ Startup တစ်ခုမှာ Chief Marketing Technologist အနေနဲ့ အလုပ် လုပ်ကိုင်နေသလို ESC Myanmar လို့ခေါ်တဲ့ Entrepreneurship & Startup Community မှာလဲ IT Consultant အနေနဲ့ လုပ်ကိုင်နေပါတယ်။  IT နယ်ပယ်မှာ ပညာပေး ပွဲစီစဉ်မှုတွေ နဲ့ကျော်ကြားလာတဲ့ Myanmar Open Source Community လို့ခေါ်တဲ့ အဖွဲ့အစည်းမှာလဲ Contributor အနေနဲ့ တွေ့မြင်ရမှာပါ။

သူ့ကို Alumni Career Information စာစဉ်-၄ အတွက်ဆက်သွယ်မေးမြန်းရာမှာ သူက ဒီလိုတွေပြန်ဖြေကြားပေးထားပါတယ်။

မေး – ကျောင်းမှာ သင်ခဲ့ရတဲ့ ဘာသာရပ်တွေက အလုပ်ခွင်မှာ အထောက်အပံ့ဖြစ်ရဲ့လား။

ဖြေ – ကျောင်းတိုင်းမှာသင်ကြားပြသနေတဲ့ ဘာသာရပ်တိုင်းဟာ အသုံးချတတ်အောင် သင်ယူချင်စိတ် ရှိတဲ့သူတွေအတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ အမြဲတမ်း အထောက်အပံ့ဖြစ်ပါတယ်။

မေး – ကျောင်းမှာ ကျောင်းစာအပြင် ဘာတွေထောက်ပံ့ပေးလဲ။

ကျောင်းမှာ ကျောင်းစာအပြင် Cisco Certified Network Associate Exam Preparation အတန်းနဲ့ IELTS Exam Preparation အတန်းတို့ကို ထပ်မံဖွင့်လှစ်ပေးပါသေးတယ်။

ကျွန်တော်ကတော့ Cisco Certified Network Associate Certificate သင်တန်းနဲ့ စာမေးပွဲကို ကျောင်းက ဖွင့်တဲ့အခါမှာ မတက်ဖြစ်ခဲ့ပါဖူး။  IELTS ကိုတော့ Master တန်းဆက်တက်ဖို့ လိုအပ်တာကြောင့် အပြင်ကနေပြီးတော့ ဖြေခဲ့ပါတယ်။ ကျောင်းကနေ တစ်ဆင့်တော့ ဝင်မဖြေဖြစ်ခဲ့ပါဘူး။

Leave a Reply