Alumni Career Information – Pyae Sone Khant

ဒီနေ့ Alumni Career Information – 6 အတွက် ဆက်သွယ်မေးမြန်းထားတဲ့ Alumnus ကတော့ ENU Batch-1 မှာ တစ်ဆင့် Edinburgh Napier University က ပေးအပ်တဲ့ Bachelor of Computing ကို အောင်မြင်ထားတဲ့ မောင်ပြည့်စုံခန့် ပဲ ဖြစ်ပါတယ်။

သူက အခုဆိုရင် CB Bank မှာ NOC Support အနေနဲ့ Internship စတင်ဆင်းနေပါပြီ။ သူအနေနဲ့
Network Traffic တွေကို စောင့်ကြည့်ရပြီး သက်ဆိုင်ရာဌာနဆီကို Report တင်ရတာမျိုးတွေနဲ့ အခြားသော NOC Tasks တွေကို လုပ်ကိုင်နေပါတယ်။

သူ့ကို Alumni Career Information စာစဉ်-၆ အတွက်ဆက်သွယ်မေးမြန်းရာမှာ သူက ဒီလိုတွေပြန်ဖြေကြားပေးထားပါတယ်။

မေး – ကျောင်းမှာ သင်ခဲ့ရတဲ့ ဘာသာရပ်တွေက အလုပ်ခွင်မှာ အထောက်အပံ့ဖြစ်ရဲ့လား။
ဖြေ – ဖြစ်ပါတယ်။ တော်တော်များများအထောက်အကူဖြစ်ပါတယ်။

မေး – ကျောင်းမှာ ကျောင်းစာအပြင် ဘာတွေထောက်ပံ့ပေးလဲ။

ဖြေ – ကျောင်းမှာ ကျောင်းစာအပြင် Cisco Certified Network Associate Exam Preparation အတန်းနဲ့ IELTS Exam Preparation အတန်းတို့ကို ထပ်မံဖွင့်လှစ်ပေးပါသေးတယ်။ IELTS ကို ကျောင်းကနေ တစ်ဆင့်ဝင်မဖြေဖြစ်ခဲ့ပါဘူး။

Leave a Reply