Alumni Career Information – Ingyin Thant

ဒီနေ့ Alumni Career Information – 7 အတွက် ဆက်သွယ်မေးမြန်းထားတဲ့ Alumnus ကတော့ ENU Batch-1 မှာ တစ်ဆင့် Edinburgh Napier University က ပေးအပ်တဲ့ Bachelor of Computing ကို အောင်မြင်ထားတဲ့ မအင်ကြင်းသန့် ပဲ ဖြစ်ပါတယ်။

သူက အခုဆိုရင် RITZ အမည်ရှိတဲ့ Cyber Security Consulting Company မှာ Junior Cyber Security Specialist အနေနဲ့ အလုပ်စတင်လုပ်ကိုင်နေပါပြီ။ သူအနေနဲ့
သက်ဆိုင်ရာ Company မှာ အသုံးပြုတဲ့ Linux OS Distro အမျိုးအစားတွေနဲ့ အကျွမ်းတ၀င်ရှိအောင် စမ်းသပ်သုံးစွဲရင်း Pentesting Tools တွေကို အသုံးပြုပြီး Ethical Hacking ဖက်မှာ အသုံးချနေပါတယ်။

သူ့ကို Alumni Career Information စာစဉ်-၇ အတွက်ဆက်သွယ်မေးမြန်းရာမှာ သူက ဒီလိုတွေပြန်ဖြေကြားပေးထားပါတယ်။

မေး – ကျောင်းမှာ သင်ခဲ့ရတဲ့ ဘာသာရပ်တွေက အလုပ်ခွင်မှာ အထောက်အပံ့ဖြစ်ရဲ့လား။
ဖြေ – ဖြစ်ပါတယ်။ အထောက်အကူဖြစ်ပါတယ်။

မေး – ကျောင်းမှာ ကျောင်းစာအပြင် ဘာတွေထောက်ပံ့ပေးလဲ။
ဖြေ – ကျောင်းမှာ ကျောင်းစာအပြင် Cisco Certified Network Associate Exam Preparation အတန်းနဲ့ IELTS Exam Preparation အတန်းတို့ကို ထပ်မံဖွင့်လှစ်ပေးပါသေးတယ်။ IELTS ကို ကျောင်းကနေ တစ်ဆင့်ဝင်ဖြေဖြစ်ခဲ့ပါတယ်။

Leave a Reply